Friday, June 11, 2010

၂၀၁၀ ကမ္ဘာ့ဖလားပွဲနှင့် ကျွန်တော်

http://www.bernos.org/blog/wp-content/uploads/2008/06/2010_fifa_world_cup_logo.jpg
ကမ္ဘာ့ဖလားပွဲအား ဂုဏ်ပြုသောအားဖြင့်ရေးသားပါသည်
 ကျွန်တော်သည် ဘောလုံးပွဲကို အရူးအမူးအားပေးသူတစ်ယောက်မဟုတ်သော်လည်း  လေးနှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်သော ကမ္ဘာ့ဖလားဘောလုံးပွဲကိုမူ မလွတ်တမ်းအားပေးကြည့်ရှုပါသည်။ မနေ့က (၁၁-၅-၂၀၁၀) နေ့တွင် ၁၉ ကြိမ်မြောက်သော ကမ္ဘာ့ဖလားဘောလုံးပွဲကို တောင်အာဖရိက ကျင်းပခဲ့ပါသည်။ ကမ္ဘာတွင် အကြီးကျယ်ဆုံးအခမ်းအနားဆုံးဘောလုံးပြိုင်ပွဲတစ်ခုဖြစ်သော ကမ္ဘာ့ဖလားပွဲကို နိုင်ငံပေါင်းမြောက်မြားစွာမှ ဘောလုံးပရိတ်သတ်များသည် စောင့်ဆိုင်းကြည့်ရှုလျှက် ရှိနေကြမည်ဆိုသည်မှာ မလွဲပါ။ ကျွန်တော်လည်း ဘောလုံးပွဲတစ်ပြီးထိ အိပ်ရေးပျက်ရမှာ မလွဲပေ။  ၁၈ကြိမ်မြောက်(၂၀၀၆)ကမ္ဘာဖလားပွဲတုန်းက ကျွန်တော်လည်ပင်းကျီးပေါင်းနဲ့ဆေးရုံတက်ရတယ်။ ကြည့်ချင်လွန်းအားကြီးလို့ ဆေးရုံက ခိုးဆင်းပြီးကြည့်တာ အဟီး။

Wednesday, June 9, 2010

မင်းပြား၊ ကျိန်းတောင်ဘုရား

http://img31.imageshack.us/img31/8105/dscf2023m.jpg
 ဒီတစ်တစ်ပါတ်တော့ မင်းပြားကျိန်းတောင်ဘုရားပုံတွေတင်ပေးလိုက်ပါတယ်။ မင်းပြားကို ကျွန်တော် ရောက်ဖူးပေမဲ့ ၂၄ နာရီပြည့်အောင်မနေဖူးပါဘူး။ နောက်ထပ်အချိန်ရရင် မင်းပြားမြို့ကိုသွားလည်ပြီး၊ မင်းပြားမြို့ရဲ့ အလှဓာတ်ပုံတွေကို ရိုက်ကူးပြီးတင်ပေးတင်ပေးပါမယ်။ အခုမင်းပြားဓာတ်ပုံတွေကို ကျွန်တော်တို့ရဲ့ မိတ်ဆွေကြီးလို့ပြောလို့ရတဲ့ ဦးဆွေ (ကိုသန်းဆွေ(ရခိုင်အဆိုတော်) ဆီကနေ လက်ဆောင်ရထားတာပါ။

Saturday, June 5, 2010

စစ်တွေ ဂစ္ဆပနဒီ

စစ်တွေမြို့ရဲ့ ပင်လယ်ဆိပ်ကမ်းမှာ ရပ်နားနေတဲ့ ပင်လယ်ကူးသင်္ဘောပုံတွေပါ။ ၅-၆-၂၀၁၀ (စနေနေ့)က  ကျွန်တော်ဈေးဖက်ခဏသွားရင်းနဲ့ ဒီပုံလေးကိုတွေ့ခဲ့လို့ ကင်မရာယူပြီးတစ်ခါပြန်လာပြီး ရိုက်ယူခဲ့တာပါ။  ပြန်လာရိုက်တဲ့အချိန်မှာ အသွားတုန်းက လိုချင်ခဲ့တဲ့ မြင်ကွင်းလေးမရခဲ့တော့ပါဘူး။ ဒါပေမယ့် ကြိုးစားပြီး ရိုက်ခဲ့ပါတယ်။ ပုံပေါင်း ၃၀ လောက်ရိုက်ယူပြီးမှ ပြန်ဆက်ထားတာပါ။ Camera Tripod နဲ့မရိုက်ပဲ ဒီအတိုင်းလက်နဲ့ သေချာချိန်ဆပြီးရိုက်ယူထားတာပါ။ ဓာတ်ပုံရိုက်ပြီးတာနဲ့ ပုံဆိုဒ်ဟာ အလျား 388.736 လက်မ၊ အနံ 20.778 လက်မ ရှိပါတယ်။ စက်ထဲမှာ ဒေါင်းလုပ်လုပ်ပြီးမှပဲ ပုံကိုအသေအချာကြည့်နိုင်ပါလိမ့်မယ်။ ဒီအတိုင်း web ပေါ်မှာ ကြည့်ရင် ပုံသေးနေလို့ အဆင်ပြေမှာမဟုတ်ပါဘူး။ 

Wednesday, June 2, 2010

နံသာကျွန်းမှ ရွံမီးတောင်


ရခိုင်ပြည်နယ်တောင်ပိုင်းက နံသာကျွန်းမှာရှိတဲ့ ရွံမီးတောင်ပုံတွေပါ။ နံသာကျွန်းက မာန်အောင်ကျွန်းအနီး ပင်လယ်ထဲမှာ တည်ရှိတာပါ။ ကျွန်တော်တို့ စစ်တွေမြို့ရဲ့ တောင်ဘက် မိုင်ပေါင်း ၁၆၂ မိုင်ခန့်မှာ တည်ရှိပါတယ်။ မာန်အောင်ကျွန်းနဲ့ဆိုရင် ၄၇ မိုင်ခန့် ဝေးပါတယ်။ မီးတောင်ရဲ့အချင်းက ၈၂၅ ပေလောက် ရှိပါတယ်။ ချော်ရေတွေက ပင်လယ်ဖက်ကို စီးဆင်းနေပါတယ်။


ပွိုင့်ကမ်းခြေညနေခင်း

ပွိုင့်ကမ်းခြေက နေညိုချိန်လေးပုံတွေကိုတင်ပေးလိုက်ပါတယ်။

Tuesday, June 1, 2010

သမိုင်းထဲမှ မြောက်ဦးဘုရားစေတီပုထိုးများနှင့် ဧည့်လမ်းညွှန်

ဒီတစ်ပတ်ကစပြီး လစဉ်တိုင်း(သို့)အပတ်စဉ်တိုင်း ရခိုင်ပြည်နဲ့ပတ်သက်တဲ့ စာအုပ်စင်ကဏ္ဍကိုဖွင့်လှစ်ပေးသွားပါမယ်။


စာအုပ်အမည်               =  သမိုင်းထဲက မြောက်ဦးဘုရားစေတီပုထိုးများနှင့် ဧည့်လမ်းညွှန်
စာရေးသူ                      =  များအောင်
စာမူခွင့်ပြုချက်အမှတ် = 3206251108 
ဒီတစ်ပါတ်ပထမဆုံးတင်ဆက်ပေးမယ့် စာအုပ်ကတော့ စာရေးဆရာများအောင် ရေးသားထားတဲ့ “သမိုင်းထဲက မြောက်ဦးဘုရားစေတီပုထိုးများနှင့် ဧည့်လမ်းညွှန်” ဆိုတဲ့ စာအုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။ မြောက်ဦးမြို့ဟာ ရှေးဟောင်း ဘုရား၊ စေတီပုထိုးများပေါများလှတဲ့ မြို့တော်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မြောက်ဦးမြို့ကိုသွား လည်ပတ်မယ်ဆိုရင် ဧည့်လမ်းညွှန်မပါပဲ သွားလို့အဆင်မပြေနိုင်ပါဘူး၊