ရခိုင်ပြည်နယ်၊ ဘင်္ဂလားပင်လယ်အော်နှင့် နီးကပ်စွာတည်ရှိသော ကျွန်း ၃ ကွန်းရှိပါသည်။ ထိုကျွန်းများကို ဖရုံကာကျွန်းများဟုခေါ်ပါသည်။ အရှေ့ဖရုံကာကျွန်း၊ အလယ်ဖရုံကာကျွန်း၊ အနောက်ဖရုံကာကျွန်းဟူ၍ ရှိပါသည်။ ဆံတော်ရှင်စေတီတော်မြတ်ကြီးသည် အနောက်ဖရုံကာကျွန်း(မြေငူကျွန်း)တွင် တည်ရှိပါသည်။ ဤ ဆံတော်ရှင်စေတီသမိုင်းမှာ လွန်ခဲ့သော မဟာသက္ကရာဇ် ၁၂၃ ခုနှစ်၊ ဘီစီသက္ကရာဇ် ၅၈၀ ခုနှစ်တွင် ဘုရားရှင်သည် ဘုရင်စန္ဒသူရိယမင်းပင့်ဖိတ်မှုကြောင့် ရခိုင်ပြည်သို့ကြွရောက်ပြီးအပြန်ခရီးတွင် နိလာပဗ္ဗတ တောင်(မြေငူကျွန်း)တွင် ရပ်တန့်တော်မူရာ ရှစ်ဦးသော နဂါးမင်းနှင့် တကွ နဂါးပရိသတ်တို့သည် ဘုရားရှင်အား ခရီးဦးကြိုဆိုပြုကြပါသည်။