ဂစ္ဆပနဒီရဲ့ ပုံတစ်ချို့ကို တင်ပေးထားပါတယ်။
Showing posts with label စစ်တွေ. Show all posts
Showing posts with label စစ်တွေ. Show all posts
Sunday, July 18, 2010
Saturday, June 5, 2010
စစ်တွေ ဂစ္ဆပနဒီ
စစ်တွေမြို့ရဲ့ ပင်လယ်ဆိပ်ကမ်းမှာ ရပ်နားနေတဲ့ ပင်လယ်ကူးသင်္ဘောပုံတွေပါ။ ၅-၆-၂၀၁၀ (စနေနေ့)က ကျွန်တော်ဈေးဖက်ခဏသွားရင်းနဲ့ ဒီပုံလေးကိုတွေ့ခဲ့လို့ ကင်မရာယူပြီးတစ်ခါပြန်လာပြီး ရိုက်ယူခဲ့တာပါ။ ပြန်လာရိုက်တဲ့အချိန်မှာ အသွားတုန်းက လိုချင်ခဲ့တဲ့ မြင်ကွင်းလေးမရခဲ့တော့ပါဘူး။ ဒါပေမယ့် ကြိုးစားပြီး ရိုက်ခဲ့ပါတယ်။ ပုံပေါင်း ၃၀ လောက်ရိုက်ယူပြီးမှ ပြန်ဆက်ထားတာပါ။ Camera Tripod နဲ့မရိုက်ပဲ ဒီအတိုင်းလက်နဲ့ သေချာချိန်ဆပြီးရိုက်ယူထားတာပါ။ ဓာတ်ပုံရိုက်ပြီးတာနဲ့ ပုံဆိုဒ်ဟာ အလျား 388.736 လက်မ၊ အနံ 20.778 လက်မ ရှိပါတယ်။ စက်ထဲမှာ ဒေါင်းလုပ်လုပ်ပြီးမှပဲ ပုံကိုအသေအချာကြည့်နိုင်ပါလိမ့်မယ်။ ဒီအတိုင်း web ပေါ်မှာ ကြည့်ရင် ပုံသေးနေလို့ အဆင်ပြေမှာမဟုတ်ပါဘူး။
Friday, May 14, 2010
စစ်တွေလေဆိပ်
စစ်တွေမြို့ကို လေကြောင်းလမ်းကလာခဲ့မယ်ဆိုရင် ရခိုင်ပြည်ကို ပထမဆုံးခြေချတာနဲ့ ကြုံတွေ့ရမယ့် စစ်တွေလေဆိပ်ပါ။ ကျွန်တော်တို့ရခိုင်ပြည်က ရိုးတောင်ကြီးကာစီးထားတော့ သွားလာရေးခရီးက သိပ်မလွယ်ကူဘူးလေ။ ပြည်မနဲ့ကိုသွားမယ်ဆိုရင် လေကြောင်း၊ ရေကြောင်း၊ ကားလမ်းကြောင်းသုံးခုကနေ သွားလို့ရပါတယ်။ လေကြောင်းလမ်းကတော့အကောင်းဆုံးပဲ။
Thursday, May 13, 2010
စစ်တွေပွိုင့်ကမ်းခြေ
စစ်တွေမြို့ရဲ့ အပမ်းဖြေစရာနေရာလေးတစ်ခုဖြစ်တဲ့ ပွိုင့်ကမ်းခြေ(ပင်လယ်ကမ်းခြေပါ)။ စနေ၊ တနင်္ဂနွေဆိုရင် လူတွေပျော်ပွဲစားထွက်ကြပါတယ်။ ပြီးရင် ပင်လယ်ရေကူးရတာလည်း ပျော်စရာပါ။
စစ်တွေနာရီစင်
စစ်တွေမြို့ရဲ့ နှစ် ၁၀၀ ကျော်သက်တမ်းရှိတဲ့ ရှေးဟောင်းနာရီစင်ကြီးဖြစ်ပါတယ်။ ၁၈၈၇ ခုနှစ်က တည်ဆောက်ခဲ့တာပါ။ နယူးယောက်မြို့မှာရှိတဲ့ လေဘာတီရုပ်တုထက် တစ်နှစ်ပဲ ငယ်ပါတယ်။ အင်္ဂလန်ဝိတိုရိယဘုရင်မရဲ့မွေးနေ့မှာ စစ်တွေမြို့အတွက် မွေးနေ့လက်ဆောင်ပေးခဲ့တာလို့ သိရပါတယ်။
နာရီစင်ဟာ စစ်တွေမြို့၊ လမ်းမကြီး၊ အမှတ် ၁ ရဲစခန်းဝင်းအထဲမှာ တည်ရှိပါသည်။
နာရီစင်ဟာ စစ်တွေမြို့၊ လမ်းမကြီး၊ အမှတ် ၁ ရဲစခန်းဝင်းအထဲမှာ တည်ရှိပါသည်။
လက်ဝဲသလုံးတော်ဓာတ်စေတီ
လက်ဝဲသလုံးတော်ဓာတ်စေတီသည် စစ်တွေမြို့၊ ကန်တော်ကြီး ရာဟုထောင့်အနီးရှိ နန္ဒစူဠပဗ္ဗတတောင် ပေါ်တွင် တည်ရှိပါသည်။ ဘုရားရှင်နုစဉ်အခါပုတတ်မင်းဖြစ်စဉ် ကျင်လည်ခဲ့သည့်နေရာဖြစ်သည့် ဗုဒ္ဓရှင်တော်၏ သလုံးတော်ဓာတ် (၁၄)ဆူရှိခဲ့ပေသည်။ ရခိုင်သူရိယစက္ကမင်းတည်ထားခဲ့သည့် ဓာတ်တော် (၂၄၇)ဆူကို ဌာနပနာတည်ထားခဲ့သည့် စေတီတော်များတွင် လက်ဝဲသလုံးတော်ဓာတ်စေတီသည် တစ်ဆူအပါအ၀င်ဖြစ်ပါသည်။
ဆရာတော်ဦးဥတ္တမပန်းခြံ
မြန်မာနိုင်ငံကို သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သည့် ဆရာတော်ကြီး၏ ရုပ်ပုံကိုကြေးရုပ်တုအဖြစ် သွန်းလုပ်ပြသထားသည့် ပန်းခြံကြီးတစ်ခုဖြစ်သည်။ ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံလွတ်လပ်ရေးနိုးကြားမှုရှိစေရန် ပထမဆုံးနိုင်ငံရေးမျက်စိကိုဖွင့်လှစ်ပေးခဲ့ပြီး အရှေ့တောင်အာရှ တစ်လွှား၌ နိုင်ငံရေးနိုးကြားမှုရှိစေရန်၊ နိုင်ငံရေး၊ လူမှုရေးစာပေများရေးသားပြီး စတင်ခဲ့သည့်ပုဂ္ဂိုလ်ဖြစ်ပါ သည်။ ဆရာတော်ကြီးသည် ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ တနင်္ဂနွေနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်တွင် အဖဦးမြနှင့် အမိဒေါ်အောင်ကြွဖြူတို့မှ မွေးဖွားခဲ့ပါသည်။
စင်္ကြာမုနိရုပ်ပွားတော်မြတ်
စင်္ကြမုနိရုပ်ပွားတော်မြတ်မှာ မြောက်ဦးမြို့နယ် ချောင်းတစ်ခုအတွင်း ငါးရှာနေသော ရေလုပ်သားတစ်ဦးသည် ပိုက်ကွန်ငြိသဖြင့် ရေထဲဆင်းကြည့်ရာတွင် ရှေးဟောင်းဗုဒ္ဓဆင်းတုတော်တစ်ဆူကိုတွေ့ရှိလေသဖြင့် ရေထဲမှ ပင့်ယူပြီး စန္ဒမုနိကျောင်းတိုက်သို့ ၂၀၀၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
Wednesday, May 12, 2010
ဒီရေတော
ရာသီဥတုကအခုနောက်ပိုင်းအမျိုးမျိုးဖြစ်လာနေတယ်။ တအားပူတယ်။ ရေရှားလာတယ်။ အဲဒါဘာကြောင့်လဲ ဆိုတော့ သစ်ပင်တွေပြုန်းတီးလာလို့။ သဘာဝပန်ဝန်းကျင်တွေပြုန်းတီးလာလို့လေ....။ အခုရိုက်ထားတဲ့ ပုံလေးကတော့ စစ်တွေကမ်းခြေမှာ အသစ်စိုက်ပျိုးထားတဲ့ ဒီရေတောပါ။ အရင်တုန်းက ဒီရေတောတွေ အများကြီး၊ အခုတော့ လူတွေမဆင်မခြင်လုပ်နေခုတ်၊ မီးသွေးဖုတ်နေတာနဲ့ ဒီရေတောတွေပျောက်ကုန်ရော။ အခုကျွန်တော်တို့ရခိုင်ပြည်မှာ ဒီရေတော ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်နေကြပြီ။
အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး
အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးမှာ စစ်တွေမြို့တွင် အလွန်ထင်ရှားသော ဘုရားကြီးတစ်ဆူဖြစ် ပါသည်။ ၁၂၅၁ ခုနှင့် ၁၂၆၀ ပတ်ဝန်းကျင်လောက်တွင် စစ်တွေမြို့ရပ်နီးရပ်ဝေးတွင် အတိတ်တစ်ဘောင် တစ်ခုပေါ်ထွန်းခဲ့ ပါသည်။ တဘောင်မှာ ငွေလံလည်းကိုင်၊ ကိန်းနှင့်ဆိုင် ရခိုင် ဘုရားပေါ်လတံ္တ ဟူ၍ဖြစ်သည်။
Subscribe to:
Posts (Atom)