ဒီတစ်ပတ်ကစပြီး လစဉ်တိုင်း(သို့)အပတ်စဉ်တိုင်း ရခိုင်ပြည်နဲ့ပတ်သက်တဲ့ စာအုပ်စင်ကဏ္ဍကိုဖွင့်လှစ်ပေးသွားပါမယ်။
စာအုပ်အမည် = သမိုင်းထဲက မြောက်ဦးဘုရားစေတီပုထိုးများနှင့် ဧည့်လမ်းညွှန်
စာရေးသူ = များအောင်
စာမူခွင့်ပြုချက်အမှတ် = 3206251108
ဒီတစ်ပါတ်ပထမဆုံးတင်ဆက်ပေးမယ့် စာအုပ်ကတော့ စာရေးဆရာများအောင် ရေးသားထားတဲ့ “သမိုင်းထဲက မြောက်ဦးဘုရားစေတီပုထိုးများနှင့် ဧည့်လမ်းညွှန်” ဆိုတဲ့ စာအုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။ မြောက်ဦးမြို့ဟာ ရှေးဟောင်း ဘုရား၊ စေတီပုထိုးများပေါများလှတဲ့ မြို့တော်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မြောက်ဦးမြို့ကိုသွား လည်ပတ်မယ်ဆိုရင် ဧည့်လမ်းညွှန်မပါပဲ သွားလို့အဆင်မပြေနိုင်ပါဘူး၊