Showing posts with label ပွဲတော်များ. Show all posts
Showing posts with label ပွဲတော်များ. Show all posts

Saturday, July 24, 2010

လှေပြိုင်ပွဲ (လောင်းပြိုင်ပွဲ)


မြောက်ဦးသျှစ်သောင်းဘုရားပွဲမှာ ကျင်းပတဲ့ လှေပြိုင်ပွဲပုံတွေကိုတင်ပေးလိုက်ပါတယ်။ လှေပြိုင်ပွဲ အကြောင်းကို ဒီနေရာမှာ ဖော်ပြပေးခဲ့ပြီးပါပြီ။ လှေပြိုင်ပွဲပုံတွေကိုတော့ ကိုသန်းဆွေ(ရခိုင်အဆိုတော်)မှ ကူညီပေးပါတယ်။

Sunday, July 18, 2010

ရခိုင်ကဆုန်လပြည့်နေ့ ဓာတ်ပုံများ

ကျွန်တော်တို့မြို့ (စစ်တွေ)မှာ အင်တာနက် ကွန်နယ်ချယ်လိုင်းတွေမကောင်းတာကြာပါပြီ၊ အသုံးဝင်နေတဲ့ proxy လေး အဘန်းခံရတဲ့နောက်ပိုင်း ကျွန်တော်လည်း ဒီ blog တွေကို ဖွင့်ရပြုရခက်သွားတာမို့ ဘာမှမတင်နိုင်တော့ပါဘူး။ Freedom နဲ့ ကျော်သုံးရအောင်လည်း လိုင်းက ဘာမှမကောင်းတော့အသုံးမဝင်ပါဘူး။ ပြောရအုံးမယ် ကျွန်တော်တို့သုံးနေရတဲ့ အင်တာနက်လိုင်းက ADSL 256 kbps တဲ့ဗျာ။ အခုတင်ပေးမယ့် ရခိုင်ကဆုန်လပြည့်နေ့က ဓာတ်ပုံလေးတွေကို တင်မလို့ လုပ်ထားတာ ကြာပါပြီ။ dashboard ကိုဖွင့်မရတာနဲ့လုံးချာလည်နေတာပါပဲ။ ဒီနေ့ တော့ ကြိုးကြိုးစားစားတင်ပေးထားလိုက်ပါတယ်။  ပိုစ့်အသစ်တင်ပေးရတဲ့အချိန် အရမ်းကြန့်ကြာသွားတဲ့အတွက် အထူးပဲတောင်းပန်အပ်ပါတယ်။ 
P.S အခုပို့စ်ကိုတင်တာ တစ်ရက်တိတိကြာပါတယ်။ 18 ရက်နေ့ မနက်ပိုင်းကနေတင်တာ 19 ရက်နေ့ မနက်ပိုင်းမှ တက်သွားပါတယ်။ တော်တော်မြန်တဲ့ ကွန်နယ်ချယ်ကြီး :(

Monday, May 31, 2010

ရထားပန်းယိုင်




ရထားပန်းယိုင် (၀ါ)ရထားဆွဲပွဲသည် ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များထဲတွင် ထင်ရှားသည့် ရိုးရာ အားကစားပွဲတစ်ခုဖြစ်သည်။ ရထားဆွဲပွဲတွင် တစ်ဖက်နှင့်တစ်ဖက် အနိုင်မခံ အရှုံးမပေးကြေးစိတ်ဓာတ် ခိုင်ခိုင်ဖြင့် အားလုံးတက်ညီလက်ညီ စည်းစည်းလုံးလုံးပါဝင်ကစားရသည်။ အချို့ဝင်ရောက်ယှဉ်ပြိုင်ခြင်း(သို့) ဘေးကြည့်ရှုအားပေးခြင်းဖြင့် လူတိုင်း၏ စိတ်ဓာတ်တက်ကြွမှု၊ လန်းဆန်းမှုတို့နှင့်အတူ အမျိုးသား အားမာန်များကို ဖြစ်ထွန်းစေပါသည်။ ရထားဆွဲပဲအစဉ်အလာသည် မြောက်ဦးခေတ် မင်းဗာဘုရင်အုပ်ချုပ်သည့် ကာလမှစတင်ပြီး ထွန်းကားလာခဲ့ခြင်းဖြစ်သည်။

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်


ရခိုင်ရိုးရာသင်္ကြန်ပွဲကို နှစ်စဉ်နှစ်တိုင်း ဧပြီလတွင်ကျင်းပပြုလုပ်ကြပါသည်။ ရခိင်ဒေသအလိုက် သင်္ကြန်ပွဲတော်ရက်များကွဲပြားခြားနားပါသည်။ သင်္ကြန်ပွဲတော်ဆင်ယင်ကျင်းပ ရာတွင် ရခိုင်လူမျိုးတို့မျာ အယင်ဆုံး နံသာသွေးပွဲဆင်ယင်ကျင်းပရသည်။ ၄င်းကိုသင်္ကြန်အကြိုနေ့ တွင် ရပ်ကွက်၊ မြို့တိုင်းတွင် ပြုလုပ်ကြသည်။ နံသာသွေးရန်အတွက် ရခိုင်သူများသည် မိမိအိမ်မှ သနပ်ခါး ကျောက်ပျဉ်များ၊ နံသာဖြူ၊ နံသာနီစသည့် အမွေးနံသာ စသည်တို့ကိုယူဆောင်လာပြီး  စုဝေးညီညွတ် ပျော်ရွှင်စွာဖြင့်နံသာသွေးကြရပါသည်။ ကာလသားလူငယ်တို့မှာက ရိုးသာသံစဉ်တီးမှုကခုန်ခြင်းများ၊ သံချပ်တိုင်ခြင်းများဖြင့် သီဆိုဖျော်ဖြေမှုများပြုလုပ်ကြပါသည်။

Thursday, May 13, 2010

ရခိုင်ရိုးရာကျင်ပွဲ

“ကျင် ကျင် ကျင် ရခိုင်သားကြိုက်တေကျင်၊ ရမ်းဗြဲ၊ မာန်အောင်၊ အနောက်သားရခိုင်ကြိုက်တောကျင်. ....” ဆိုသည်နှင့်အညီ ကျင်ပြိုင်ပွဲမှာ ရခိုင်လူမျိုးတို့တွင် “ကျင်”အမည်ရှိသည် ရိုးရာအားကစားတစ်ခုမှာ အထူး ထင်ရှားလှပါသည်။  ဤကစားနည်းသည် ရှေးရခိုင်ဘုရင်မင်းများလက်ထက်မှ စတင်ဆင်းသက်လာခဲ့သည်ဟု သမိုင်းအထောက်အထားများအရသိရပါသည်။ အေစီ ၁၅၃၁ ခုတွင် မြောက်ဦးထီးနန်းကို နန်းတက်အုပ်ချုပ်သည့် ဘုရင်မင်းဗာကြီး၏ ကောင်းမှုတစ်ခုဖြစ်သည့် သျှစ်သောင်းပုထိုးတော်၏ လိုဏ်ပတ်နံရံမှ ရုပ်လုံးရုပ်ကြွတို့အထဲတွင် “ကျင်”ကစားနည်း ရုပ်လုံးရုပ်ကြွများကိုတွေ့ရပါသည်။ 

Wednesday, May 12, 2010

ရခိုင်ရိုးရာ လှေပြိုင်ပွဲ

  • ရခိုင်ရိုးရာလှေပြိုင်ကို ရခိုင်ရှေ့ဟောင်းမှတ်တမ်းများအရ မြန်မာသက္ကရာဇ်၉၁၈ ခုနှစ်တွင် နန်းတက်သည့်  ရခိုင်ဘုရင် မင်းစောလှလက်ထက်တွင် စတင်ခဲ့ကြောင်း သိရှိရပါသည်။ လှေပြိုင်ပွဲများကို ရိုးရာယှုကျေးမှုဓလေ့ ထုံးစံများအရ ယနေ့အထိ ပုံမှန်ကျင်းပမှု ရှိနေဆဲဖြစ်ပါသည်။ လှေပြိုင်ပွဲဝင်သည့် လှေအရွယ်အစားများမှာ ယခင်အချိန်တုန်းက ၉ လံ အထိရှည်လျားခဲ့ကြသော်လည်း၊ ယခုအချိန်တွင် ၅ လံ၊ ၅ လံနှင့် ၂ တောင် အရှည်ရှိသည့် လှေများဖြင့် ပြိုင်ပွဲကျင်းပကြပါပသည်။ ပြိုင်ပွဲကျင်းပသည့် ရာသီမှာ တန်းခူးလ (ဧပြီလ)တွင် ရာသီပွဲတော်တစ်ခုအဖြစ် သီးခြားကျင်းပမှုရှိကြပါသည်။ ရခိုင်ပြည် တောင်ပိုင်း ရမ်းဗြဲမြို့တွင်မူ ကဆုန်(မေလ)တွင် ကျင်းပပါသည်။ ပြိုင်ပွဲဝင်လှေနှစ်စီး၏ အရှုံးအနိုင်ကို မိမိဒေသအလိုက် နည်းလမ်းဖြင့် ဆုံးဖြတ်ကြပြီး၊ ရမ်းဗြဲမြို့တွင်မူ တာဝင်စက်ဖြင့် ဆုံးဖြတ်ပေးပါသည်။ လှေပြိုင်ပွဲတွင် ပထမဆုကို ရွှေမောင်း၊ ဒုတိယဆုကို ရွှေနှင့်ငွေရောစပ်ထားသည့် မောင်းနှင့် တတိယဆုကို ငွေမောင်းပေးအပ်လေ့ရှိပါသည်။