Showing posts with label မြောက်ဦး. Show all posts
Showing posts with label မြောက်ဦး. Show all posts

Monday, May 17, 2010

ထုက္ကန့်သိမ်ထဲမှ စကားပြောနေသော ပုံရိပ်များ

ထုက္ကန့်သိမ်အကြောင်းကို ရှေ့က ပိုစ့်တစ်ခုထဲမှာ တင်ပြခဲ့ပြီးပါပြီ။ အခုထပ်မံပြီးတော့ ထုက္ကန့်သိမ်ထဲက ဓာတ်ပုံများကိုဆက်လက်ဖော်ပြပေးထားပါတယ်။ 

ရုပ်တုများနဲ့ ကိုးသောင်းပုထိုးတော်

ကိုးသောင်းပုထိုးတော်ကြီးအကြောင်းကို အရှေ့ပိုင်းမှ တင်ပြခဲ့ပြီးပါပြီ။ အခုထပ်တင်ပေးတာက ကိုးသောင်းပုထိုးတော်ကြီးထဲက ဓာတ်ပုံတွေကို ထပ်မံတင်ပြပေးပါမယ်။ နှစ်ပေါင်းမြောက်မြားစွာ ရာသီဥတုဒဏ်ကို အလူးအလိမ့်ခံခဲ့ရလို့ တစ်ချို့အရာတွေဆိုရင် ပြိုပျက်ကုန်နေပါပြီ

Saturday, May 15, 2010

ဗုဒ္ဓသရီရမြတ်အံတော်


ဗုဒ္ဓသရီရမြတ်အံတော်သည် သိရိလင်္ကလာနိုင်ငံတွင် မူလကိန်းဝပ်စံပါယ်တော်မူခဲ့ပါသည်။ ၁၅၂၅ ခုနှစ်တွင် သံတွဲမြို့မှ သာသနာပိုင် ဆရာတော်ကြီး ဦးတေဇောသာရနှင့် မြောက်ဦးမြို့မှ မြတန်ဆောင်း ဆရာတော်ကြီးဓမ္မ၀ိသာလတို့အမှူးပြုသည့် သံဃာတော် အပါး(၄၀)တို့သည် သိရိလင်္ကာနိုင်ငံမှ သာသနာပြုပြီးအပြန် ဓမ္မိကသျှင်ရသေ့တစ်ဦးတည်ထားခဲ့သည့် ၀နဘယ တောင်ပေါ်ရှိ ပြိုပျက်နေသည့်စေတီဟောင်းမှ ရောင်ခြည်တော်ကွန်မြူးနေသည့် အံတော်ဓာတ်ကို ဖူးတွေ့ရသဖြင့် ပင့်ဆောင်ယူလာခဲ့ပြီး သံတွဲမြို့စား ဘာစောသိရီ(မင်းဗာကြီး)အားအပ်နှင်းခဲ့ပါသည်။

Thursday, May 13, 2010

ထုက္ကန့်သိမ်ပုထိုးတော်ကြီး


ထုက္ကန့်သိမ်ပုထိုးတော်ကြီးကို ဘုရင်မင်းဖလောင်းနှင့် မိဖုရားကြီးရှင်လတ်တို့မှ သက္ကရာဇ်(၉၃၃)ခုနှစ်၊ ခရစ်နှစ် ၁၅၇၁ ခုနှစ်တွင် တည်ထားခဲ့ပါသည်။ အကျယ်မှာ တောင်မှ မြောက်သို့ ၁၁၀ ပေ၊ အရှေ့မှအနောက်သို့ ၁၃၇ ပေ၊ အမြင့်ပေ ၂၀ ရှိပါသည်။

သျှစ်သောင်းပုထိုးတော်ကြီး

 သျှစ်သောင်းပုထိုးတော်မွမ်းမံထားသည့်ပုံ
“သဇင်ပန်းခိုင်တစ်မြိုင်မြိုင် ရခိုင်ဘုရားပေါင်း” ဆိုသည့်စကားနှင့်အညီ ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီ၊ ပုထိုးများကို မြောက်ဦးပတ်ဝန်းကျင်ရှိနေရာအနှံအပြားတွင် တွေ့မြင်နိုင်ပါသည်။ ထိုကဲ့သို့များပြားလှသည့် သမိုင်းဝင်စေတီပုထိုးကြီးများထဲတွင် သီရိသူရိယစန္ဓာမဟာဓမ္မရာဇာဘွဲ့ခံ”မင်းဗာဘုရင်ကြီးသည် သက္ကရာဇ် (၈၉၃)၊ အေဒီ ၁၅၃၁ ခုနှစ်တွင် တည်ထားခဲ့သည့် သျှစ်သောင်းပုထိုးတောင်ကြီးမှာ အထူးထင်ရှားလှပါသည်။
သျှစ်သောင်းပုထိုးတော်ကြီးဟုခေါ်ဆိုရခြင်းမှာ ရခိုင်ပိုင်ဒေသဖြင့်သည့် ဘင်္ဂါ ၁၂ မြို့သည် သူရတန်ဘုရင်များ လက်ထဲသို့ကျရောက်သွားသဖြင့် ဘုရင်မင်းဗာကြီးလက်ထက်တွင် ပြန်လည်တိုက်ခိုက်ရယူပြီး ရန်အသွယ်သွယ်ကို (လုံးဝ)အောင်မြင်မှုရရှိခဲ့ခြင်း (သို့မဟုတ်) ဘုရင်မင်းဗာသည် စစ်တိုက်၍ အောင်မြင်မှုရရှိ ခဲ့သဖြင့် ဗုဒ္ဓဂါယာသို့ သွားရောက်ပြီး မဟာဗောဓိစေတီတော်၌ ကုသိုလ်ကောင်းမှုများပြုလုပ်ခဲ့ပေသည်။

Tuesday, May 11, 2010



  • ကိုးသောင်းပုထိုးတော်ကြီးသည် မြောက်ဦးမြို့တော်တွင်တည်ရှိပါသည်။ ၁၅၅၃ ခုနှစ်တွင် ဘုရင် မင်းတိက္ခာ(သျှစ်သောင်းဘုရားတည်သည့် ဘုရင်မင်းဗာကြီး၏ သားဖြစ်သူ)မှ တည်ထားခဲ့ ပါသည်။ 
  • ဤကိုးသောင်းပုထိုးတော်ကြီးမှာ ယခင်က ချုံနွယ်များ ပိတ်ဆို့နေသည့် တောင်ကုန်းတစ်ခုဟု ထင်မှတ်ခဲ့ကြပါသည်။ (၉-၉-၁၉၉၆)ခုနှစ်တွင် ကိုးသောင်းပုထိုးတော်ကြီးတူးဖော်ခြင်းလုပ်ငန်းကို စတင်ခဲ့ ပါသည်။ အနောက်ဖက်မျက်နှာ၏ အောက်ခြေသည် ပေ ၂၅၀ ခန့်ရှိ၍ တောင်နှင့်မြောက်ဘက် အောက်ခြေမှာ ပေ ၂၃၀ ရှိပြီး အရှေ့ဘက်မျက်နှာနှင့် အရှေ့တော်နှင့် အရှေ့မြောက်အောက်ခြေသည် ၇၇ ပေ ရှိကြသည်။ အနေားအောက်ခြေ ဖိနပ်တော်မှ ၅ ပေအမြင့်ကို သွပ်မိုးထားပြီး အပေါ်ပိုင်းတို့ကို လှေကားထစ်ပုံစံမျိုးပစ္စယံငါးဆင့်ပြုလုပ်ထားသည်။ ထိုအဆင့်များ၏ နံရံကို ၃ ပေ ၈ လက်မအရွယ်အစားရှိ အုပ်တို့ဖြင့် ပြုလုပ်ထားသည်။