ကမ္ဘာ့ဖလားပွဲအား ဂုဏ်ပြုသောအားဖြင့်ရေးသားပါသည်
ကျွန်တော်သည် ဘောလုံးပွဲကို အရူးအမူးအားပေးသူတစ်ယောက်မဟုတ်သော်လည်း လေးနှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်သော ကမ္ဘာ့ဖလားဘောလုံးပွဲကိုမူ မလွတ်တမ်းအားပေးကြည့်ရှုပါသည်။ မနေ့က (၁၁-၅-၂၀၁၀) နေ့တွင် ၁၉ ကြိမ်မြောက်သော ကမ္ဘာ့ဖလားဘောလုံးပွဲကို တောင်အာဖရိက ကျင်းပခဲ့ပါသည်။ ကမ္ဘာတွင် အကြီးကျယ်ဆုံးအခမ်းအနားဆုံးဘောလုံးပြိုင်ပွဲတစ်ခုဖြစ်သော ကမ္ဘာ့ဖလားပွဲကို နိုင်ငံပေါင်းမြောက်မြားစွာမှ ဘောလုံးပရိတ်သတ်များသည် စောင့်ဆိုင်းကြည့်ရှုလျှက် ရှိနေကြမည်ဆိုသည်မှာ မလွဲပါ။ ကျွန်တော်လည်း ဘောလုံးပွဲတစ်ပြီးထိ အိပ်ရေးပျက်ရမှာ မလွဲပေ။ ၁၈ကြိမ်မြောက်(၂၀၀၆)ကမ္ဘာဖလားပွဲတုန်းက ကျွန်တော်လည်ပင်းကျီးပေါင်းနဲ့ဆေးရုံတက်ရတယ်။ ကြည့်ချင်လွန်းအားကြီးလို့ ဆေးရုံက ခိုးဆင်းပြီးကြည့်တာ အဟီး။