Showing posts with label ဘုရားများ. Show all posts
Showing posts with label ဘုရားများ. Show all posts

Monday, May 10, 2010

စန္ဒမုနိရုပ်ရှင်တော်မြတ်

တတိယဓည၀တီခေတ် စန္ဒသူရိယဘုရင်လက်ထက် သက္ကရာဇ် ၁၂၃ခုနှစ် တွင်မြတ်စွာဘုရားသည် ဓည၀တီပြည်သို့ ကြွရောက်တော်မူခဲ့စဉ်က ဗျာဒိတ်တော်မူခဲ့သည့် နေရာများတွင် ဘုရားစေတီ၊ ပုထိုးများ တည်ထား ကိုးကွယ်မှုတို့ ပြုလုပ်ဃဲ့ကြလေသည်။ ရခိုင်ဘုရင် စန္ဒသူရိယမင်းကြီး၏ တောင်းပန်လျှောက်ထားချက်များအရ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို သွန်းလုပ်ခဲ့စဉ်က ကျန်ခဲ့သည် ရတနာတို့ဖြင့် စန္ဒမုနိ၊ သကျမုန၊ ဒေ၀မုနိ၊ စုဠမုနိဆင်းတုတော်များကို သွန်းလုပ်ခဲ့ကြလေသည်။. ဤဆင်းတုတော်များကို မဟာကျန်ဆင်းတုများဟု ခေါ်ဆိုခဲ့ကြပါသည်။ မဟာကျန်မုနိငါးဆူကို မဟာမုနိရုပ်ရှင်တော်တွင် ၀န်းရံပြီးတည်ထားခဲ့ပါသည်။

ရခိုင်မဟာမြတ်မုနိရုပ်ရှင်တော်မြတ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ ကိန်းဝပ်စံပ္ပါယ်တော်မူနေတဲ့ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ပုံတော်ပါ။
  • တတိယဓည၀တီမြို့တော်စံ ဘုရင်စန္ဒသူရိယမင်းသည် အနောက်မဇ္စျိမတွင် ဘုရားးပွင်တော်မူသည်ကြားသိရ၍ ဖူးမျှော်လိုစိတ်များပြင်းပြ၍ မြတ်စွာဘုရားကိုရည်စူးပြီး ခုနစ်ရက်ပတ်လုံး ကုသိုလ်ပြုပူဇော်ခြင်း၊ ပင့်ဖိတ်တောင်းပန်တော်မူခြင်းတို့ ပြုလုပ်ခဲ့ပါသည်။