Saturday, June 5, 2010

စစ်တွေ ဂစ္ဆပနဒီ

စစ်တွေမြို့ရဲ့ ပင်လယ်ဆိပ်ကမ်းမှာ ရပ်နားနေတဲ့ ပင်လယ်ကူးသင်္ဘောပုံတွေပါ။ ၅-၆-၂၀၁၀ (စနေနေ့)က  ကျွန်တော်ဈေးဖက်ခဏသွားရင်းနဲ့ ဒီပုံလေးကိုတွေ့ခဲ့လို့ ကင်မရာယူပြီးတစ်ခါပြန်လာပြီး ရိုက်ယူခဲ့တာပါ။  ပြန်လာရိုက်တဲ့အချိန်မှာ အသွားတုန်းက လိုချင်ခဲ့တဲ့ မြင်ကွင်းလေးမရခဲ့တော့ပါဘူး။ ဒါပေမယ့် ကြိုးစားပြီး ရိုက်ခဲ့ပါတယ်။ ပုံပေါင်း ၃၀ လောက်ရိုက်ယူပြီးမှ ပြန်ဆက်ထားတာပါ။ Camera Tripod နဲ့မရိုက်ပဲ ဒီအတိုင်းလက်နဲ့ သေချာချိန်ဆပြီးရိုက်ယူထားတာပါ။ ဓာတ်ပုံရိုက်ပြီးတာနဲ့ ပုံဆိုဒ်ဟာ အလျား 388.736 လက်မ၊ အနံ 20.778 လက်မ ရှိပါတယ်။ စက်ထဲမှာ ဒေါင်းလုပ်လုပ်ပြီးမှပဲ ပုံကိုအသေအချာကြည့်နိုင်ပါလိမ့်မယ်။ ဒီအတိုင်း web ပေါ်မှာ ကြည့်ရင် ပုံသေးနေလို့ အဆင်ပြေမှာမဟုတ်ပါဘူး။ 

No comments:

Post a Comment