Friday, June 11, 2010

၂၀၁၀ ကမ္ဘာ့ဖလားပွဲနှင့် ကျွန်တော်

http://www.bernos.org/blog/wp-content/uploads/2008/06/2010_fifa_world_cup_logo.jpg
ကမ္ဘာ့ဖလားပွဲအား ဂုဏ်ပြုသောအားဖြင့်ရေးသားပါသည်
 ကျွန်တော်သည် ဘောလုံးပွဲကို အရူးအမူးအားပေးသူတစ်ယောက်မဟုတ်သော်လည်း  လေးနှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်သော ကမ္ဘာ့ဖလားဘောလုံးပွဲကိုမူ မလွတ်တမ်းအားပေးကြည့်ရှုပါသည်။ မနေ့က (၁၁-၅-၂၀၁၀) နေ့တွင် ၁၉ ကြိမ်မြောက်သော ကမ္ဘာ့ဖလားဘောလုံးပွဲကို တောင်အာဖရိက ကျင်းပခဲ့ပါသည်။ ကမ္ဘာတွင် အကြီးကျယ်ဆုံးအခမ်းအနားဆုံးဘောလုံးပြိုင်ပွဲတစ်ခုဖြစ်သော ကမ္ဘာ့ဖလားပွဲကို နိုင်ငံပေါင်းမြောက်မြားစွာမှ ဘောလုံးပရိတ်သတ်များသည် စောင့်ဆိုင်းကြည့်ရှုလျှက် ရှိနေကြမည်ဆိုသည်မှာ မလွဲပါ။ ကျွန်တော်လည်း ဘောလုံးပွဲတစ်ပြီးထိ အိပ်ရေးပျက်ရမှာ မလွဲပေ။  ၁၈ကြိမ်မြောက်(၂၀၀၆)ကမ္ဘာဖလားပွဲတုန်းက ကျွန်တော်လည်ပင်းကျီးပေါင်းနဲ့ဆေးရုံတက်ရတယ်။ ကြည့်ချင်လွန်းအားကြီးလို့ ဆေးရုံက ခိုးဆင်းပြီးကြည့်တာ အဟီး။



FIFA World Cup trophy

ဖွင့်ပွဲမြင်ကွင်းကို ကျွန်တော် ရုပ်ရှင်ပိတ်ကားပေါ်တွင်ပဲ ကြည့်ရှုအားပေးခဲ့ပါသည်။ ဖွင့်ပွဲကြည့်ရှုရသည်မှာ အလွန်အားရဖွယ်ကောင်းပါတယ်။ပျော်စရာလည်းကောင်းပါသည်။သီချင်းသံတွေမြိုင်ပြိုင်ဆိုင်ဆိုင်နဲ့ပင်။ စိတ်လှုပ်ရှားစရာလည်းကောင်းသလို ရင်ခုန်မှုကိုလည်းပေးစွမ်းနိုင်ပါတယ်။

 ဖွင့်ပွဲမြင်ကွင်းအချို့ကို တင်ပေးလိုက်ပါတယ်။

http://img.thesun.co.uk/multimedia/archive/01063/SNN1204K_682_01_1063492a.jpg

 Bulgaria: South Africa in Full Colors for 2010 World Cup

http://www.cbc.ca/gfx/images/sports/photos/2010/06/11/cauldron-ceremony-ap.jpg


World Cup 2010 spectators wave their vuvuzela horns while watching the opening game


http://static.guim.co.uk/sys-images/Guardian/Pix/pictures/2010/6/11/1276243986778/Fans-at-the--World-Cup--c-006.jpg

http://media.idahostatesman.com/smedia/2010/06/11/09/246-241South_Africa_Soccer_WCup_South_Africa_Mexico.sff.embedded.prod_affiliate.36.jpg

http://newsimg.bbc.co.uk/media/images/48056000/jpg/_48056329_highlights.jpg

တောင်အာဖရိက (အိမ်ရှင်အသင်း ဂိုးသွင်းယူပြီး အောင်ပွဲခံပုံ)




 ပြီးခဲ့သော ကမ္ဘာဖလားပွဲထိမှတ်တမ်းများ
ဗိုလ်စွဲခဲ့သောအသင်းများ
  • ဘရာဇီး = ၅ ကြိမ်
  • အီတလီ = ၄ ကြိမ်
  • ဂျာမဏီ = ၃ ကြိမ်
  • အာဂျင်တီးနား = ၂ ကြိမ်
  • ဥရုဂွေး = ၂ ကြိမ်
  • အင်္ဂလန် = ၁ ကြိမ်
  • ပြင်သစ် = ၁ ကြိမ်

အကြိမ်ရေအများဆုံးပါဝင်ယှဉ်ပြိုင်သည့်အသင်း
  • ဘရာဇီး =  ၁၈ ကြိမ်


ဗိုလ်လုပွဲသို့ အကြိမ်ရေအများဆုံးတက်ရောက်နိုင်သည့်အသင်း
ဘရာဇီး =  ၇ ကြိမ်
ဂျာမဏီ = ၇ ကြိမ်


ဆီမီးဖိုင်နယ်သို့ အကြိမ်ရေအများဆုံးတက်ရောက်နိုင်သည့်အသင်း
ဂျာမဏီ = ၁၁ ကြိမ်


ယခုနှစ်တွင်ပေးအပ်မည့်ဆုကြေးများ
၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များ =  အမေရိကန်ဒေါ်လာ ၉ သန်း
ကွာတားဖိုင်နယ်                           =  အမေရိကန်ဒေါ်လာ ၁၈ သန်း
ဆီမီးဖိုင်နယ်                                 = အမေရိကန်ဒေါ်လာ ၂၀ သန်း
ဒုတိယ                                          = အမေရိကန်ဒေါ်လာ ၂၄ သန်း
ပထမ                                            = အမေရိကန်ဒေါ်လာ ၃၀ သန်း


ယခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်မည့်အသင်းများ
အုပ်စု အေ =  တောင်အာဖရိက၊ မက္ကဆီကို၊ ဥရုဂွေး၊ ပြင်သစ်
အုပ်စု ဘီ = အာဂျင်တီးနား၊ နိုင်ဂျီးရီးယား၊ တောင်ကိုးရီးယား၊ ဂရိ
အုတ်စု စီ = အင်္ဂလန်၊ အမေရိကန်၊ အယ်လ်ဂျီးရီးယား၊ ဆလိုဗေးနီးယား
အုပ္စုဒီ = ဂ်ာမဏီ၊ ၾသစေၾတးလ်၊ ဆားဗီးယား၊ ဂါနာ
အုပ်စုအီး = နယ်သာလန်၊ ဒိန်းမတ်၊ ဂျပန်၊ ကင်မရွန်း
အုပ်စု အက်ဖ် = အီတလီ၊ ပါရာဂွေး၊ နယူးဇီလန်၊ ဆလိုဗက်ကီးယား
အုပ်စု ဂျီ = ဘရာဇီး၊ မြောက်ကိုးရီးယား၊ အိုင်ဗရီကိုစ့်၊ ပေါ်တူဂီ
အုပ်စု အိပ်ခ်ျ=ဟွန်းဒူးရပ်စ်၊ ချီလီ၊ စပိန်၊ ဆွစ်ဇာလန်

ကျွန်တော်အကြိုက်ဆုံးအသင်းများ

  • အင်္ဂလန်၊ ဘရာဇီး

ကျွန်တော်အကြိုက်ဆုံး ကစားသမား
  • ဝိန်းရူနီ(အင်္ဂလန်)

rooney goal england russia

No comments:

Post a Comment