Tuesday, June 1, 2010

သမိုင်းထဲမှ မြောက်ဦးဘုရားစေတီပုထိုးများနှင့် ဧည့်လမ်းညွှန်

ဒီတစ်ပတ်ကစပြီး လစဉ်တိုင်း(သို့)အပတ်စဉ်တိုင်း ရခိုင်ပြည်နဲ့ပတ်သက်တဲ့ စာအုပ်စင်ကဏ္ဍကိုဖွင့်လှစ်ပေးသွားပါမယ်။


စာအုပ်အမည်               =  သမိုင်းထဲက မြောက်ဦးဘုရားစေတီပုထိုးများနှင့် ဧည့်လမ်းညွှန်
စာရေးသူ                      =  များအောင်
စာမူခွင့်ပြုချက်အမှတ် = 3206251108 
ဒီတစ်ပါတ်ပထမဆုံးတင်ဆက်ပေးမယ့် စာအုပ်ကတော့ စာရေးဆရာများအောင် ရေးသားထားတဲ့ “သမိုင်းထဲက မြောက်ဦးဘုရားစေတီပုထိုးများနှင့် ဧည့်လမ်းညွှန်” ဆိုတဲ့ စာအုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။ မြောက်ဦးမြို့ဟာ ရှေးဟောင်း ဘုရား၊ စေတီပုထိုးများပေါများလှတဲ့ မြို့တော်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မြောက်ဦးမြို့ကိုသွား လည်ပတ်မယ်ဆိုရင် ဧည့်လမ်းညွှန်မပါပဲ သွားလို့အဆင်မပြေနိုင်ပါဘူး၊ 
ဒီစာအုပ်မှာ မြောက်ဦးမြို့တော်မှာရှိတဲ့ဘုရားသမိုင်းအကြောင်းနဲ့အတူ ဘုရားဖူးလမ်းညွှန်ကိုပါထည့်သွင်း ပေးထားတဲ့ အတွက်  အလွန်ကိုတန်ဖိုးရှိလှပါတယ်။  “တစ်ရက်အချိန်ရသူအဖို့ နှစ်ရက်အချိန်ရသူ၊ သုံးရက်အချိန် ရသူတွေအတွက် ဘုရားဖူးလမ်းကြောင်းတွေ ရေးဆွဲပေးထားပါတယ်။ မြောက်ဦးမြို့ရဲ့ ဘုရားများတည်နေရာ မြေပုံကိုလည်းထည့်သွင်းရေးဆွဲပေးထားပါတယ်။ ပြီးတော့ပြည်မကနေ မြောက်ဦးမြို့သို့ လာရောက်နိုင်တဲ့ လမ်းကြောင်းတွေကိုပါထည့်သွင်းပေးထားတဲ့အပြင် ကားဂိတ်၊ သင်္ဘောဆိပ်၊ ဟိုတယ်၊ တည်းခိုခန်း တို့ရဲ့ ဖုန်းနံပါတ်တွေ၊ စားသောက်ဆိုင်လိပ်စာတွေကိုပါထည့်သွင်းပေးထားပါတယ်။ ရခိုင်ဒေသမှာ စကားလက်ဆုံပြောရာတွင် မဖြစ်မနေသုံးစွဲရမယ့်စကားလုံးတွေအတွက် ဘာသာဗေဒဆိုင်ရာအသုံးပြုနည်း ကိုလည်း ထည့်သွင်းပေးထားခြင်းကိုကြည့်ခြင်းအားဖြင့် စာရေးသူရဲ့စေတနာကိုသိရှိစေနိုင်ပါတယ်။
ဒီစာအုပ်ကို ခရီးသွားလုပ်ငန်းများ၊ ဧည့်လမ်းညွှန်များ၊ ဘုရားဖူးခရီးသွားမည်း ကြိုတင်လေ့လာဖတ်ရှုခြင်း အားဖြင့် မြောက်ဦးမြို့ရဲ့ ရှေးဟောင်းဘုရားတွေကို အချိန်တိုအတွင်း လေ့လာဖူးမျှော်နိုင်မှာဖြစ်လို့ ၀ယ်ယူဖတ်ရှုသင့်တဲ့ စာအုပ်ဖြစ်ပါတယ်။
စာအုပ်အားအဆင့်မြင့်မြင့်သေသပ်စွာဖြင့် ချုပ်လုပ်ထားပြီး အတွင်းဖက်စာမျက်နှာပေါ်တွင် ရောင်စုံဓာတ်ပုံများ ဖြင့် ဝေဝေဆာဆာဖော်ပြထားပါသည်။ စာအုပ်ကို ၊ မြန်မာ၊ အင်္ဂလိပ်နှစ်မျိုးထုတ်ဝေထားပါသည်။  MIDDLE LINE, Novel Artist Solution မှ တန်ဖိုး-၃၀၀၀/- ကျပ်ဖြင့် ဖြန့်ဝေထားပါသည်။

1 comment:

  1. စိုးလွဲ... လွဲနေပြန်သလား...။
    အပြင် Text မှာ 3500 ဒီထဲမှာ 3000 ဖြစ်နေတယ်အော။ :D

    ReplyDelete