Monday, May 31, 2010

ရထားပန်းယိုင်




ရထားပန်းယိုင် (၀ါ)ရထားဆွဲပွဲသည် ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များထဲတွင် ထင်ရှားသည့် ရိုးရာ အားကစားပွဲတစ်ခုဖြစ်သည်။ ရထားဆွဲပွဲတွင် တစ်ဖက်နှင့်တစ်ဖက် အနိုင်မခံ အရှုံးမပေးကြေးစိတ်ဓာတ် ခိုင်ခိုင်ဖြင့် အားလုံးတက်ညီလက်ညီ စည်းစည်းလုံးလုံးပါဝင်ကစားရသည်။ အချို့ဝင်ရောက်ယှဉ်ပြိုင်ခြင်း(သို့) ဘေးကြည့်ရှုအားပေးခြင်းဖြင့် လူတိုင်း၏ စိတ်ဓာတ်တက်ကြွမှု၊ လန်းဆန်းမှုတို့နှင့်အတူ အမျိုးသား အားမာန်များကို ဖြစ်ထွန်းစေပါသည်။ ရထားဆွဲပဲအစဉ်အလာသည် မြောက်ဦးခေတ် မင်းဗာဘုရင်အုပ်ချုပ်သည့် ကာလမှစတင်ပြီး ထွန်းကားလာခဲ့ခြင်းဖြစ်သည်။
မင်းဆရာတစ်ဦးဖြစ်သည့် “သျှင်မြ၀ါ”၏ ကျေးဇူးများကို အမှတ်ရစေရန်အတွက် နှစ်စဉ်နှစ်တိုင်း တပို့တွဲ့လရောက်ချိန်၌ ရထားပန်းယိုင်(၀ါ)ရထားဆွဲပွဲကို ကျင်းပပါသည်။
ရထားပွဲမှာ ဝါးညွန့်များနှင့်အတူ အောင်လံကိုစုစည်းကာ ထူထားသည့် သစ်သားစက်သီး လေးလုံးတပ်ဆင် ထားသည့်ရထားငယ်ကို ကြိုးတစ်ဖက် တစ်ချက်တွင် ချည်နှောင်ထားပြီး တစ်ဖက်နှင့်တစ်ဖက်အပြိုင် ဆွဲကြရသည်။ ရထားဆွဲပွဲတွင် တစ်ရွာနှင့်တစ်ရွာ၊ တစ်သင်းနှင့်တစ်သင်း ဆွဲကြသည်။ အရွယ်ပေါင်းစုံ၊ ကျား/မ မရွေးစိတ်ကြိုက်ဝင်ရောက်ကစားခွင့်ရှိသော ရိုးရာပွဲတော်တစ်ခုဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် လူဦးရေ ကန့်သတ်ထားခြင်းမရှိပါ။
ရထားဆွဲရန်အတွက် အချက်ပြမီးနှစ်ကြိမ်ပြရပါသည်။ ပထမမီးမှာ ကြိုးကိုင်မီးဖြစ်ပြီး ဒုတိယမီးပြမှသာလျှင် ရထားကိုစဆွဲရပါသည်။
ရထားဆွဲသည့်အခါ သန်မာထွားကြိုင်းသည့် ယောက်ျားများက ရထားနှစ်ဖက်မှနေပြီး ကြီးကြပ်ထိန်းသိမ်း ပေးရသည်။ ၄င်းသူတို့ကို ရထားထိန်းဟုခေါ်ပါသည်။ တစ်သင်းနှင့်တစ်သင်း စဆွဲကြပြီဆိုသည်နှင့် ရထားမှ မြောက်ကြွမြောက်ကြွဖြစ်လာလျှင် ထိုသူတို့က ရထားကို ထိန်းပေးရပါသည်။ အနိုင်အရှုံးသတ်မှတ်ရာတွင် အသင်းတစ်ဖက်တစ်ချက်စီတွင် အလံကိုင်နှစ်ဦးရှိပါသည်။ နောက်ဆုံးစည်းကျော်လျှင် အလံကိုင်မှ အလံဝှေ့ရမ်းပြရပါသည်။ အလံဝှေ့ရမ်းပြသည့်ဘက်သည် အနိုင်ရရှိပါသည်။ နောက်ဆုံးအနိုင်ရရှိသည့် အသင်းသည် ရထားပေါ်တွင် စိုက်ထူးထားသည့် အောင်လံအားပိုင်ဆိုင်ခွင့်ရပြီး ရထားကိုမီးရှို့ခွင့်ရရှိပါသည်။  အောင်လံရယူနိုင်သည့်အသင်းသည် ရထားကို တပို့တွဲလပြည့်နေ့ည နေ့မကူးခင် မီးရှို့ရပါသည်။

 




No comments:

Post a Comment