Thursday, May 13, 2010

လက်ဝဲသလုံးတော်ဓာတ်စေတီ

လက်ဝဲသလုံးတော်ဓာတ်စေတီသည် စစ်တွေမြို့၊ ကန်တော်ကြီး ရာဟုထောင့်အနီးရှိ နန္ဒစူဠပဗ္ဗတတောင် ပေါ်တွင် တည်ရှိပါသည်။ ဘုရားရှင်နုစဉ်အခါပုတတ်မင်းဖြစ်စဉ် ကျင်လည်ခဲ့သည့်နေရာဖြစ်သည့် ဗုဒ္ဓရှင်တော်၏ သလုံးတော်ဓာတ် (၁၄)ဆူရှိခဲ့ပေသည်။ ရခိုင်သူရိယစက္ကမင်းတည်ထားခဲ့သည့် ဓာတ်တော် (၂၄၇)ဆူကို ဌာနပနာတည်ထားခဲ့သည့် စေတီတော်များတွင် လက်ဝဲသလုံးတော်ဓာတ်စေတီသည် တစ်ဆူအပါအ၀င်ဖြစ်ပါသည်။

ဤ စစ်တွေမြို့လက်ဝဲသလုံးတော်ဓာတ်စေတီသည်သည် စေတီတော်ကို ညောင်ပင်မျိုလျှက် ချုံအုပ်များကွယ်ဆိုင်းနေသောကြောင့် အထင်အရှားမရှိခဲ့ပါ။ ကောဇာသက္ကရာဇ် ၁၂၉၁ ခုနှစ်၊ ခရစ်အေဒီ ၁၉၃၀ ခုနှစ်၊ ဧပြီလအတွင်းတွင် ဓာတ်တော်ကွန့်မြူးပြီး ကောင်းကင်သို့တက်သွားသည်ကိုမြင်ကြရသဖြင့် ဓာတ်လယ်စေတီ ဂေါပကလူကြီးများက တူးဖော်ရာ လက်ဝဲသလုံးတော်ဓာတ်မြတ်အားရရှိလေသောကြောင့် ပြန်လည်မွမ်းမံတည်ထားကြာသော စေတီတော်မြတ်ဖြစ်ပါသည်။

No comments:

Post a Comment