Monday, May 10, 2010

ရခိုင်မဟာမြတ်မုနိရုပ်ရှင်တော်မြတ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ ကိန်းဝပ်စံပ္ပါယ်တော်မူနေတဲ့ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ပုံတော်ပါ။
  • တတိယဓည၀တီမြို့တော်စံ ဘုရင်စန္ဒသူရိယမင်းသည် အနောက်မဇ္စျိမတွင် ဘုရားးပွင်တော်မူသည်ကြားသိရ၍ ဖူးမျှော်လိုစိတ်များပြင်းပြ၍ မြတ်စွာဘုရားကိုရည်စူးပြီး ခုနစ်ရက်ပတ်လုံး ကုသိုလ်ပြုပူဇော်ခြင်း၊ ပင့်ဖိတ်တောင်းပန်တော်မူခြင်းတို့ ပြုလုပ်ခဲ့ပါသည်။
  • မြတ်စွာဘုရားရှင်သည် ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၍ သီတင်းသုံးတော်မူစဉ် ကျွတ်ထိုက်သည့် ဝေနေယျသတ္တ၀ါအပေါင်းတို့ကို ကရုဏာရှေ့ထား၍ ကြည့်တော်မူသည့်အခါ စန္ဒသူရိယမင်းကြီး ပင့်ဖိတ်တောင်းပန်မှုကို တွေ့မြင်ပြီး၊ သာသနာတော် ငါးထောင်ပတ်လုံး လူနတ်ဗြဟ္မာသတ္တ၀ါ အပေါင်းတို့ကို ကောင်းမှုတရားများပွားများရရှိစေရန်ဆင်ခြင်တော်မူလျှက် ဓည၀တီ၊ ရခိုင်ပြည်သို့ ကြွချီတော်မူခဲ့ပေသည်။ မြတ်စွာဘုရားရှင်နှင့် စန္ဒသူရိယဘုရင်တို့မှာ ရှေးအတိတ်က ပါရမီဆက် ရှိခဲ့ကြ ပေသည်။ မြတ်စွာဘုရားသည် တပည့်သံဃာငါးရာနှင့် မဟာသက္ကရာဇ် (၁၂၃)ခုနှစ်၊ ဘီစီ - ၅၅၄ ခုနှစ်တွင် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်မှ ကောင်းကင်ခရီးဖြင့် ဒေသစာရီကြွချီတော်မူပါသည်။ ရခိုင်ပြည်နယ်အရှေ့ဖက်ကမ်း သေလာဂိရီကျောက်တော်တောင်ပေါ်၌ ရပ်နားတော်မူသည်။ ဓည၀တီ ပြည်မှ စန္ဒသူရိယဘုရင်အမှူးပြုသည့် ပြည်သူများသည် ဘုရားရှင်အားဖူမြော်ရန်အတွက် သွားရောက်ခဲ့ ကြသည်။
  • ဘုရင်နှင့်တကွ မိဖုရား၊ မောင်းမမိဿံ၊ မှူးကြီးမတ်ကြီးများမှာ တရားဒေသနာတော်နာယူကြပြီး တရားအဆုံးတွင် သောတာပတ္တိဖိုလ်၌ တည်ကြသည်။ ဘုရားရှင်ပြန်ကြွမည်ကိုသိသောအခါ စန္ဒသူရိယ ဘုရင်သည် အများပြည်သူ၊ သတ္တ၀ါဝေနေယျများတို့ ကိုးကွယ်မှုပြုနိုင်ရန် ကိုယ်စားရုပ်ရှင်တော်မြတ် တစ်ူထားပေးရန် လျှောက်ထားတော်မူခဲ့ပါသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည် သိကြား၊ ၀ိသကြုံတို့ကို ခေါ်ယူပြီး ငါဘုရားကိုယ်တော်နှင့် မယုတ်မလွန်အတိုင်းပမာဏရှိသည့် ရုပ်တုတော်ကို ရတနာအစုစုဖြင့် ပြုလုပ်စေဟု လက်တော်ဖြင့် ခုနစ်လက်ခုပ်ကျုံးပြီး ရတနာရွှေငွေတို့ကို သိကြားမင်းအား အပ်နှင်းတော် မူသည်။
  • သရိဂုတ်တောင်ပေါ်တွင် ပွဲသဘင်များဆင်ယင်ကျင်းပပြီး သိကြား၊ ၀ိဿကြုံ၊ စန္ဒသူရိယမင်းနှင့် တကွ တစ်ရာသောမင်းအပေါင်းခြံရံပြီး၊ မဟာသက္ကရာဇ် ၁၂၃ ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးညနေ ပိုင်းမှစတင်ပြီး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို သွန်းလုပ်တော်မူခဲ့ပါသည်။
  • ခြောက်ဆယ့်ငါးတင်းသော ရတနာတို့ဖြင့် ကြိုချက်သွန်းလုပ်တော်မူခဲ့သည့် ဆင်းတုတော်မှာ သုံးကြိမ်သုံးခါ ပြုလုပ်သော်လည်း ဦးခေါင်းမှာ မစေ့ဘဲဖြစ်နေသဖြင့် ဘုရားရှင်အားလျှောက်တင်ကြရာ မစိုးရိမ်ပါနှင့် ရတနာပလ္လင်ကိုသာ ပြီးစီးရန်ဆောင်ရွက်ကြဟု မိန့်တော်မူလေသည်။ နံနက်မိုးသောက်ချိန် ရောက်သည်အခါ ဘုရားရှင်၏ အာနုဘော်ကြောင့် ရုပ်တုတော်သည် ပလ္လင်ပေါ်သို့ အလိုအလျှောက် ကြွရောက်လျက်ရှိနေပေသည်။ သိကြိား၊ ၀ိသကြုံနှင့် လူများသွန်းလုပ်တော်မူသည့် ရုပ်တုတော်အား တန်ခိုးကြီးမားမှုရှိစေရန် ကိုယ်တော်မှ ရင်ငွေ့တော်ကို ခုနှစ်လက်အုပ်ထည့်တော်မူသည်။သက္ကရာဇ် ၁၂၃ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁)ရက်၊ ကြာသပတေးနေ့နံနက်တွင် မဟာမုနိဆင်းတုတော်ကြီး သွန်းလုပ်အောင်မြင်ပြီးစီးတော်မူခဲ့ပါသည်။
ဆုတောင်းပြည့် မဟာမြတ်မုနိဂါထာတော်
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယှံဒီပေါ မယှံနာထေ
မယှံဒေတု မဟာဇာယော
(တစ်နေ့ကိုးကြိမ် ရွတ်ဖတ်ပူဇော်ပါ)။

ကိုးကားချက်။ ။များအောင်၊ သမိုင်းထဲမှ မြောက်ဦးစေတီပုထိုးများနှင့် ဧည့်လမ်းညွှန်

1 comment:

  1. ရခိုင်​ပြည်​နယ်​မဟာမုနိရုပ်​ရှင်​​တော်

    ReplyDelete