Thursday, May 13, 2010

ပင်လယ်ငါး

ရခိုင်ဒေသသည် ပင်လယ်နှင့်ဆက်စက်စွာ တည်ရှိသဖြင့် ပင်လယ်ငါးများ ပင်လယ်ပုဇွန်များမှာ အထူးပင် ပေါများလှပါသည်။ သို့သော်လည်း ပင်လယ်ငါးများကို အလွန်အကျွံဖမ်းဆီးခြင်းများပြုလုပ်လာသဖြင့် ပင်လယ် သံယံဇာတများမှာ အလွန်ပင်ရှားပါးလာပါသည်။ ငါးမန်းများ၊ ငါးလိပ်ကျောက်များမှာလည်း ရှားပါးစပြုလာပြီဖြစ် ပါသည်။ ယခင်တုန်းကဆိုလျှင် ဈေးထဲသွားကြည့်လျှင် ငါးမန်းများအားနေ့တိုင်းလိုလိုတွေ့ရတတ်သည်။
အရွယ်အစားများမှာလည်း နည်းနည်းနောနောမဟုတ်ပေ။ လေးဘီးကားတစ်စီးစာလောက်ရှိပါသည်။ ထို့အတူ ငါးလိပ်ကျောက်များမှာလည်း လေးဘီးကား တစ်စီးစာလောက်ရှိသည့် ငါးလိပ်ကျောက်များကိုလည်းတွေ့ရ တတ်သည်။ ယခုအချိန်တွင် ယခင်လောက် အရွယ်အစားကြီးမားသည့် ငါးလိပ်ကျောက်မျိုးကို ယခုအချိန်တွင် တွေ့ရခက်ခဲသွားပြီဖြစ်ပါသည်။ ငါးလိပ်ကျောက်မှာလည်း ရခိုင်ဒေသတွင် ကြိုက်နှစ်သက်သော ငါးအမျိုးအစား တစ်မျိုးဖြစ်ပါသည်။

ပင်လယ်ကျောက်ပုဇွန်များ

No comments:

Post a Comment