Monday, May 10, 2010

စန္ဒမုနိရုပ်ရှင်တော်မြတ်

တတိယဓည၀တီခေတ် စန္ဒသူရိယဘုရင်လက်ထက် သက္ကရာဇ် ၁၂၃ခုနှစ် တွင်မြတ်စွာဘုရားသည် ဓည၀တီပြည်သို့ ကြွရောက်တော်မူခဲ့စဉ်က ဗျာဒိတ်တော်မူခဲ့သည့် နေရာများတွင် ဘုရားစေတီ၊ ပုထိုးများ တည်ထား ကိုးကွယ်မှုတို့ ပြုလုပ်ဃဲ့ကြလေသည်။ ရခိုင်ဘုရင် စန္ဒသူရိယမင်းကြီး၏ တောင်းပန်လျှောက်ထားချက်များအရ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို သွန်းလုပ်ခဲ့စဉ်က ကျန်ခဲ့သည် ရတနာတို့ဖြင့် စန္ဒမုနိ၊ သကျမုန၊ ဒေ၀မုနိ၊ စုဠမုနိဆင်းတုတော်များကို သွန်းလုပ်ခဲ့ကြလေသည်။. ဤဆင်းတုတော်များကို မဟာကျန်ဆင်းတုများဟု ခေါ်ဆိုခဲ့ကြပါသည်။ မဟာကျန်မုနိငါးဆူကို မဟာမုနိရုပ်ရှင်တော်တွင် ၀န်းရံပြီးတည်ထားခဲ့ပါသည်။
ဘုရင်မင်းစောမွန်မွန်လက်ထက်တွင် လောင်းကြက်မြို့တော်မှ မြောက်ဦးမြို့တော်သို့ ထီးနန်းပြောင်းရွှေ့စဉ် စန္ဒမုနိဘုရားကြီးကို ပင့်ဆောင်လာခဲ့ပါသည်။ ၁၈၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက် နေ့တွင် အောက်မြန်မာနိုင်ငံနှင့် ရခိုင်ဒေသများအားလုံးသည် အင်္ဂလိပ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရာ နယ်ချဲ့တို့သည် ရခိုင်ပြည်နယ်ရှိ ကြေးဆင်းတုတော်များ၊ ကြေးခေါင်းလောင်းများကို ထုတ်ခွဲ ကြိုချက်ပြီးအမြောက်ဆံပြုလုပ်ကြသဖြင့် ကျန်ရှိသည် ဗုဒ္ဓကြေးဆင်းတုတော်များကို မဆုံးရှုံးစေရန် ဗုဒ္ဓဘာသာဝင်ပြည်သူများမှ ဗန္ဓုလကျောင်းတိုက်(ယခု စန္ဒမုနိကျောင်းတိုက်)ရှိ သိမ်တော်ကြီးအတွင်း ပင့်ဆောင်၍ ဘုရားဆင်းတုတော်တစ်ခုလုံး အင်္ဂတေများ လိမ်းကျံပြီး ၀ှက်ထားခဲ့ပါသည်။
ဆင်းတုတော်ကြီးမှာ အဆိုပါဘုန်းတော်ကြီးကျောင်းတိုက်တွင် ကိန်းဝပ်စံပ္ပါယ်လျှက်ရှိရာ ကော်ဇာသက္ကရာဇ် (၁၃၅၀)ခုနှစ် ကဆုန်လဆန်း ၂ ရက်၊ ၁၉၈၈ ခုနှစ်၊ ဧပြီလ (၂၇)ရက်၊ တနင်္ဂနွေနေ့တွင် ဆရာတော်အရှင်စက္ကပါလ (ယခု ပျံလွန်တော်မူ)သည် ဘုရားကြီးရှေ့တွင် တံမြက်စည်းလှဲနေစဉ် မျက်းလုံးတော်တစ်လုံး ပြုတ်ကျနေသည်ကို တွေ့ရှိရ၍ မျက်လုံးတော်ပြုကျသည့် မူလနေရာကိုရှာဖွေရာ ပလ္လင်တော်ရှိ ဘုရားကြီးသူဆူအနက် အလယ်ဘုရားကြီးလက်ယာဖက်မျက်လုံးမှာ ကွာကျနေသည်ကိုတွေ့ ရှိ၍စစ်ဆေးကြည့်ရာမှာ ဤစန္ဒမုနိရုပ်ရှင်တော်မြတ်အား ယခုတိုင်ဖူးမျှော်တွေ့ရှိရခြင်းဖြစ်ပါသည်။

***** စန္ဒမုနိဂါထာတော်*****
အဂ္ဂော ၊ စန္ဒမုနိဗုဒ္ဓော၊
အနုတ္တရော ၊ အဂ္ဂောဝိပါကော
ဟောတုမေ ၊ ယဣစံ္ဆသမိဇ္ဈတု ။

ကိုးကားချက်။ ။များအောင်၊ သမိုင်းထဲမှ မြောက်ဦးစေတီပုထိုးများနှင့် ဧည့်လမ်းညွှန်

No comments:

Post a Comment