Wednesday, May 12, 2010

ရခိုင်ရိုးရာ လှေပြိုင်ပွဲ

  • ရခိုင်ရိုးရာလှေပြိုင်ကို ရခိုင်ရှေ့ဟောင်းမှတ်တမ်းများအရ မြန်မာသက္ကရာဇ်၉၁၈ ခုနှစ်တွင် နန်းတက်သည့်  ရခိုင်ဘုရင် မင်းစောလှလက်ထက်တွင် စတင်ခဲ့ကြောင်း သိရှိရပါသည်။ လှေပြိုင်ပွဲများကို ရိုးရာယှုကျေးမှုဓလေ့ ထုံးစံများအရ ယနေ့အထိ ပုံမှန်ကျင်းပမှု ရှိနေဆဲဖြစ်ပါသည်။ လှေပြိုင်ပွဲဝင်သည့် လှေအရွယ်အစားများမှာ ယခင်အချိန်တုန်းက ၉ လံ အထိရှည်လျားခဲ့ကြသော်လည်း၊ ယခုအချိန်တွင် ၅ လံ၊ ၅ လံနှင့် ၂ တောင် အရှည်ရှိသည့် လှေများဖြင့် ပြိုင်ပွဲကျင်းပကြပါပသည်။ ပြိုင်ပွဲကျင်းပသည့် ရာသီမှာ တန်းခူးလ (ဧပြီလ)တွင် ရာသီပွဲတော်တစ်ခုအဖြစ် သီးခြားကျင်းပမှုရှိကြပါသည်။ ရခိုင်ပြည် တောင်ပိုင်း ရမ်းဗြဲမြို့တွင်မူ ကဆုန်(မေလ)တွင် ကျင်းပပါသည်။ ပြိုင်ပွဲဝင်လှေနှစ်စီး၏ အရှုံးအနိုင်ကို မိမိဒေသအလိုက် နည်းလမ်းဖြင့် ဆုံးဖြတ်ကြပြီး၊ ရမ်းဗြဲမြို့တွင်မူ တာဝင်စက်ဖြင့် ဆုံးဖြတ်ပေးပါသည်။ လှေပြိုင်ပွဲတွင် ပထမဆုကို ရွှေမောင်း၊ ဒုတိယဆုကို ရွှေနှင့်ငွေရောစပ်ထားသည့် မောင်းနှင့် တတိယဆုကို ငွေမောင်းပေးအပ်လေ့ရှိပါသည်။ 

  •  
  • ဤလှေပြိုင်ပွဲသည် အားလုံးစုပေါင်းစည်းလုံးညီညွတ်မှုဖြင့်အောင်မြင်မှုရရှိစေတတ်သည့် သဘော တရားကို အဓိကညွှန်းဆိုသည့်  ရခိုင်တိုင်းရင်းသားတို့၏ လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့သည့် ရိုးရာအစဉ်အလာဓလေ့များ၏ စစ်မှန်သည့် ယဉ်ကျေးမှုသင်္ကေတတစ်ခုပင်ဖြစ်လေသည်။

No comments:

Post a Comment